ထားဝယ် စက်တင်ဘာ ၉

 

တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ထားဝယ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စက်တင်ဘာ ၁၆ ရက်တွင် ကျရောက်မည့် “ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပသည်။

 

ထို့နောက် တိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းအုန်းနှင့် တာဝန်ရှိသူများက ပါဝင်ယှဉ်ပြိုင်နေကြသည့် ကျောင်းသား ကျောင်းသူများအား ကြည့်ရှုအားပေးသည်။

 

ပြိုင်ပွဲ၌ အခြေခံပညာ ကျောင်းပေါင်းစုံမှ ကျောင်းသား ကျောင်းသူများက ယခုနှစ် အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “အိုဇုန်းလွှာကာကွယ်ရေးသိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက်ပေး ဟူသော ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၂၈ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၃၆ ဦး၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၂၈ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၆၀ ပါဝင်ယှဉ်ပြိုင် ဖြေဆိုခဲ့သော ကျောင်းသား ကျောင်းသူများအား ကျောင်းသုံး ဗလာစာအုပ်နှင့် ဘောပင်များ၊ ပန်းချီဆွဲစက္ကူနှင့် ရောင်စုံခြယ် ဆေးဘူးများ၊ မုန့်များနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)