နေပြည်တော် စက်တင်ဘာ ၁၀
ပြည်ထောင်စုနယ်မြေ နေပြည်တော်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်(၈)မြို့နယ်မှ တာဝန်ရှိသူများသည် ဌာနဆိုင်ရာရုံးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်စေရေးနှင့် စာရင်းဇယားပြည့်စုံ မှန်ကန်မှုရှိစေရေး ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပသည်။
မှာကြား
ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်က မြို့နယ်များအနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် စာရင်းဇယားများကို ညွှန်ကြားရေးမှူးချုပ်ရုံးသို့ တင်ပြနိုင်ရေး တိုင်းရုံးသို့ အချိန်မီပြုစုပေးပို့ ဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးရေး စီမံကိန်းတွင် စိုက်ဧက ၄၀၂၂ ဧကအတွက် သွင်းအားစုပံ့ပိုးငွေများကို စက်တင်ဘာလတတိယပတ်မှစ၍ ပြန်လည်ကောက်ခံပေးသွင်းရမည်ဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း အပြေအကျေပေးဆပ်နိုင် စေရေးကြီးကြပ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရေး စီမံကိန်းတွင်လည်းနိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ၊ နိုင်ငံတော် ထောက်ပံ့ငွေ (သက်တန့်ရောင်) ရန်ပုံငွေများဖြင့် သွင်းအားစုများ ပံ့ပိုးပေးထားသည့် သမဝါယမ အသင်းစာရင်း၊ အသင်းသား စာရင်းများကို သတ်မှတ်ဇယားပုံစံများတွင် ပြည့်စုံမှန်ကန်မှု ရှိစေရေး စိစစ်ကြီးကြပ်ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


