ကျိုက်မရော စက်တင်ဘာ ၁၀
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ဦးဆောင်ကျင်းပသော တိုင်းရင်းသားရေးရာ အသိပညာ ပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ် စီမံခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့ အထက ပိန်းနဲကုန်း ကျောင်းခန်းမ၌ ပြုလုပ်သည်။
ဦးစွာ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက အမှာစကား ပြောကြားသည်။
ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဒေါ်သန္တာလင်းက အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေး၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဌေးမို့မို့က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောက့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုးက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောကာ မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စုမြတ်နွယ်က အမျိုးသမီး မသန်စွမ်း ကလေးသူငယ် အခွင့်အရေးများ လူမှုရေးရာပင်စင် ဆိုင်ရာများကို ပညာပေးဟောပြောသည်။
ကျိုက်မရော(ပြန်/ဆက်)


