မြောင်းမြ  စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေး သိပ္ပံကျောင်း ကျောင်းဆင်းနှုတ်ဆက်ပွဲ အခမ်းအနားကို အဆိုပါကျောင်းရှိ  မြကျွန်းရွှေဝါခန်းမတွင် စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီက ပြုလုပ် သည်။

အခမ်းအနားတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း ကျောင်းအုပ်ဆရာမကြီးက နှုတ်ဆက်စကားပြောကြားပြီး ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့က နှုတ်ဆက်စကားပြောကြားကာ နောက်ဆုံး နှစ်ကျောင်းသား ကျောင်းသူများက ကျောင်းအတွက် လိုအပ်သည်များကို လှူဒါန်းပေးအပ်ကြသည်။

ယင်းနောက် Floral  Arrangement  Lesson  အတွက် Section လေးခုမှ ယှဉ်ပြိုင်ခြင်းနှင့် ဆုချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ပြီး မြန်မာ့ရိုးရာ ဆိုင်းဝိုင်းဖြင့် အဆို၊ အကများ ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)