ရန်ကုန် စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ ဒေသခံမဲဆန္ဒရှင်ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၈)ရပ်ကွက်ရှိ အမှတ်(၇) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ကမာရွတ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြင့်သူက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ခိုင်သဇင်ဖြူက မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းများနှင့် အသုံးပြုပုံ/ အသုံးပြုနည်း အကြောင်းကို ရှင်းလင်းဆွေးနွေး ပြောကြားရာ တက်ရောက်လာသော မဲဆန္ဒရှင်ပြည်သူများက သိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးပြီး မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် တစ်ဦးချင်း လက်တွေ့စမ်းသပ်မဲ ပေးခဲ့ကြကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)


