လေရှီး စက်တင်ဘာ ၁၁
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် မိုးရာသီအထိမ်းအမှတ် မြို့နယ်ပညာရေးမှူး ဖလား ကျောင်းအဆင့် ဖူဆယ် ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်စာပေနှင့်ယဉ်ကျေးမှုကော်မတီအားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းဌေးက အမှာ စကားပြောကြားပြီး အထက(လေရှီး)မှ ကျောင်းအုပ်ကြီး ဒေါ်စာရာ မေရိသေးက ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ အဆိုပါ ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲကို အထက(လေရှီး)မှ အသင်းလိုက် အထက်တန်းအဆင့်အမျိုးသား- ငါးသင်း၊ အလယ်တန်းအဆင့်အမျိုးသား-ငါးသင်း၊ အထက်တန်း/ အလယ်တန်းအဆင့်အမျိုးသမီး -ငါးသင်း စုစုပေါင်း ၁၅ သင်းဖြင့် စက်တင်ဘာ ၁၀ ရက်မှစတင်၍ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။
လေရှီး(ပြန်/ဆက်)


