မကွေး စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်၌ မီးလန့်မှု၊ မီးလောင်မှု မဖြစ်ပွားစေရေးအတွက် အောင်မေတ္တာရပ်ကွက် (၃) လမ်းရှိ "စိတ်ကြိုက်" ကာရာအိုကေနှင့် စင်တင်စားသောက်ဆိုင်လုပ်ငန်း၊ ကံသာကြီးကျေးရွာရှိ “အောင်” စက်သုံးဆီ အရောင်းဆိုင်တို့ကို မီးဘေး လုံခြုံရေးအတွက် ဆောင်ရွက် ထားရှိမှုများအား မကွေးခရိုင် မီးသတ်ဦးစီးမှူး ဦးသန့်စင် ဦးစီး၍ မီးသတ် တပ်ဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်း က ဆောင်ရွက်ကြောင်း သိရသည်။
အသိပညာပေး
အဆိုပါ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးရာတွင် မီးဘေး လုံခြုံရေးအတွက် ဆောင်ရွက်ထားရှိသည့် မီးငြှိမ်းသတ်ရေးပစ္စည်း ကိရိယာများအား ကောင်းမွန်စွာ အသုံးပြုနိုင်ခြင်း ရှိ / မရှိ စစ်ဆေးခြင်း၊ ဝန်ထမ်းများအား မီးငြှိမ်းသတ်ရေးပစ္စည်းများဖြင့် လက်တွေ့ကိုင်တွယ် အသုံးပြုတတ်စေရန် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးသွားရန်နှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


