မင်းတုန်း စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် တောင်သူ  ဦးလှထွေး၏ လက်ဆွဲ ကောက်စိုက်စက် အသုံးပြု စံပြကွက် မိုးစပါးစိုက်ခင်းတွင် ယနေ့နံနက် ၈ နာရီက ပေါင်းထိုး တမန်းနှိုးကိရိယာဖြင့် ကွင်းသရုပ် ပြပွဲ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးလင်း၊ စိုက်ပျိုးရေး ဦးစီးဌာန  ခေတ္တဦးစီးမှူး  ဦးကျော်သန်းစိန်နှင့် ကွင်းဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် တံတား ကျေးရွာအုပ်စုမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့ တမန်းနှိုးပေါင်းထိုး ကိရိယာ အသုံးပြုခြင်းဖြင့် ပေါင်းမြက်များ နှိမ်နင်းနိုင်ပြီး မြေဆီလွှာအတွင်း ပြန်လည် နှစ်မြှုပ် ထည့်သွင်းပေးခြင်းကြောင့် အာဟာရဓာတ်များ ပြန်လည် ဖြည့်တင်းပေးခြင်း၊ စပါးပင် အမြစ်များ လေဝင်လေထွက် ကောင်းမွန်ခြင်း၊ အပင်ပွားစည်းမှုများခြင်းကြောင့် သီးနှံအထွက်နှုန်း တိုးတက်လာနိုင်ကြောင်း သိရသည်။  

 ချင်းကလေး(NRDC)