မက္ကဆီကိုစီးတီး  စက်တင်ဘာ  ၁၁

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီး၌ စက်တင်ဘာ ၁၀ ရက်က ဓာတ်ငွေ့သယ်ထရပ်ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် ၅၇ ဦး ဒဏ်ရာရရှိပြီး ၎င်းတို့အနက် ၁၉ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။

ပေါက်ကွဲမှုမှာ ကွန်ကော်ဒီယာ တံတားအောက်ရှိ  ဇာရာဂိုဇာလမ်းပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း  မက္ကဆီကိုမြို့တော် အစိုးရအကြီးအကဲဖြစ်သူ ကလဲရာဘရူဂါဒါမိုလီနာက လူမှုကွန်ရက်မီဒီယာ ပလက်ဖောင်း X တွင် ပြောကြားသည်။

လီတာ၄၉၅၀၀ဆံ့  လောင်စာဆီ သယ်ယာဉ်တစ်စီးမှာ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ဝန်းကျင်က တိမ်းမှောက်ခဲ့ရာ  ဒဏ်ရာရရှိသူများကို ဆေးရုံများသို့  ပို့ဆောင်ပေးခဲ့ကြောင်း  ၎င်းက  ဒေသတွင်းမီဒီယာများကို  ပြောကြားသည်။

အဆိုပါ  ပေါက်ကွဲမှုကြောင့်  အခြားယာဉ် ၁၈ စီးလည်း ထိခိုက်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။         

ဆင်ဟွာ