ဆိပ်ဖြူ စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကွမ်းစားခြင်း အန္တရာယ်အကြောင်း အသိပညာပေး ဆွေးနွေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စီစီမိုးနှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ရီရီချိုတို့က ယနေ့နံနက် ၁၀ နာရီ တွင် ဆွေးနွေးပြောကြားသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စီစီမိုးက ကွမ်းစားခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ရီရီချိုက ကွမ်းယာထဲတွင် ပါဝင်သော ထုံးနှင့်ရှားစေး၊ ဆေးရွက်ကြီး၊ အိန္ဒိယကွမ်းစားဆေးများ အကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရသည်။  

ရီရီချို(ပြန်/ဆက်)