ရန်ကုန်    စက်တင်ဘာ    ၁၁

၂၀၂၅-၂၀၂၆  ရာသီ  မြန်မာအမျိုး သမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၆) ဒုတိယနေ့ကို  စက်တင်ဘာ ၁၁ ရက်က ဆက်လက်ကျင်းပရာ ရှမ်းယူနိုက်တက်အသင်း ဂိုးပြတ်အနိုင်ရပြီး  ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်း သရေကျခဲ့သည်။

YUSC ကွင်း၌  ကျင်းပသည့်ပွဲတွင်  ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်း တစ်ဂိုးစီသရေကျခဲ့သည်။ ဇယားထိပ်ပိုင်းမှ အသင်းနှစ်သင်းတွေ့ဆုံခြင်းဖြစ်သလို ပရိသတ်အချစ်တော်    လက်ရွေးစင်ကစားသမား အများစုပါဝင်သည့် ပွဲဖြစ်သောကြောင့် ပရိသတ်အားပေးမှုမြင့်တက်ခဲ့သလို ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။

၄၃ မိနစ်တွင် ဖြူဖွေးက ပယ်နယ်တီမှတစ်ဆင့် ရန်ကုန်ယူနိုက်တက်အသင်းအတွက်  ဦးဆောင်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်း ၈၂ မိနစ်တွင် ဖြုဖြူဝင်းက ဧရာဝတီအသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။

ပဒုမ္မာကွင်း၌   ကျင်းပသည့်ပွဲတွင်  ရှမ်းယူနိုက်တက်အသင်းက  မြဝတီအသင်းကို ငါးဂိုးပြတ် အနိုင်ရခဲ့သည်။   ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၂၂ မိနစ်တွင် ဂျူလိုင်ကျော်၊ ၆၈၊ ၈၃၊ ၈၅ မိနစ်တွင်  ခိုင်သဇင်က ဟက်ထရစ်၊ ၇၇ မိနစ်တွင် နန်းဘရေးက သွင်းယူခဲ့သည်။

ပွဲစဉ် (၆) နောက်ဆုံးနေ့ကို စက်တင်ဘာ ၁၂ ရက်တွင် ပဒုမ္မာကွင်း၌   ကျင်းပမည်ဖြစ်ပြီး   သစ္စာအားမာန်အသင်းနှင့်   YREO  အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သော်လေး