အစ္စလာမ္မာဘတ် စက်တင်ဘာ ၁၃

 

ပါကစ္စတန်အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ရေလွှမ်းမိုးမှုများကြောင့် လူပေါင်း ၉၇ ဦးထက်မနည်း သေဆုံးပြီး လူပေါင်း ၄ ဒသမ ၄ သန်းကျော် ရေဘေးသင့်ခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (PDMA) က ပြောကြားသည်။

 

အဆိုပါအဖွဲ့၏ အဆိုအရ လူပေါင်းနှစ်သန်းခွဲခန့်ကို ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ ခရိုင်အတွင်း စုစုပေါင်း ရေဘေး ကယ်ဆယ်ရေး စခန်း ၃၉၆ ခုဖွင့်ထားမှုနှင့်အတူ မွေးမြူရေးတိရစ္ဆာန် ၁ ဒသမ ၉ သန်းခန့်ကိုလည်း ကယ်ဆယ်ပေးထားကြောင်းထုတ်ပြန်သည်။

 

ဇွန် ၂၆ ရက်မှစ၍ မိုးရာသီ ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၉၅၆ ဦးထက်မနည်းရှိပြီး ထိခိုက် ဒဏ်ရာရရှိသူ ၁၀၆၀ ရှိကြောင်း တရားဝင်ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြသည်။ ထို့အတူ နိုင်ငံတစ်ဝန်း အိမ်ခြေ ၈၄၀၀ ပျက်စီးခဲ့ပြီး မွေးမြူရေးတိရစ္ဆာန်ကောင်ရေ ၆၅၀၀ ထိခိုက်ဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ရေဘေးကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းနေရသူများအား ယာယီအမိုးအကာ၊ အစားအသောက်နှင့် ဆေးဝါးများ ထောက်ပံ့ပေးထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ဆင်ဟွာ