နေပြည်တော် ၁၄ မတ်
ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းသည် Westminster Foundation for Democracy (WFD)မှ အကြံပေးပုဂ္ဂိုလ် Sir. Hugh Bayley အားယနေ့ မွန်းလွဲ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပဋိဇီဝဆေးဝါးများ သိုလှောင်မှု၊ ဖြန့်ဖြူးမှုများတွင် ရင်ဆိုင်ကြုံတွေ့ နေရသော အခက်အခဲများ နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊ ပဋိဇီဝဆေးဝါးများ အရည်အသွေး ပိုမိုကောင်းမွန်စေရေး၊ ဆေးဝါးများသုံးစွဲရာတွင် ဆေးဝါးအတုများ သုံးစွဲမှုမရှိစေရေးနှင့် အရည်အသွေးကောင်းမွန်သော ဆေးဝါးများသာ အသုံးပြုနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဝေးလံခေါင်ဖျားသော ဒေသများတွင် ဆေးဝါးများ လုံလောက်စွာ ထောက်ပံ့ပေးနိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


