နေပြည်တော်  ၁၄  မတ် 

၂၀၁၉ ခုနှစ် (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို ယနေ့ တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ ကျောက်မျက် အတွဲစုစုပေါင်း ၆၉ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနိုင်ခဲ့သည်။

 

1.3

 

ယနေ့ပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၅၀ဝ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြခဲ့ရာ ကျောက်မျက်အတွဲ ၆၉ တွဲကို ယူရိုငွေ ၁ ဒသမ ဝ၂၄  ဖြင့် ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။

 (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာကျောက်စိမ်းခန်းမ၌ မတ် ၂၀ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး  မတ် ၁၅ ရက်တွင် ကျောက်စိမ်းအတွဲ အမှတ် ၁ မှ ၁၂၀ဝ အထိလည်းကောင်း၊ မတ် ၁၆ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၁၂၀၁ မှ ၂၄၀ဝ အထိလည်းကောင်း၊ မတ် ၁၇ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၂၄၀၁ မှ ၃၆၀ဝ အထိလည်းကောင်း၊ မတ် ၁၈ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၃၆၀၁ မှ ၄၈၀ဝ အထိ လည်းကောင်း၊ မတ် ၁၉ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၄၈၀၁ မှ ၆၀ဝ၀ အထိလည်း ကောင်း၊ မတ် ၂၀ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၆၀ဝ၁ မှ ၆၉၇၃ အထိလည်းကောင်း ခင်းကျင်းပြသ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်မျက်ရတနာပြပွဲသို့ တရုတ်၊ ထိုင်း၊ သြစတြေးလျ၊ အမေရိကန်နှင့် အိန္ဒိယ နိုင်ငံတို့မှ ပြည်ပရတနာကုန်သည်စုစုပေါင်း၂၉၀၅ ဦးနှင့် ပြည်တွင်းရတနာကုန်သည်၁၅၉၂ ဦး စုစုပေါင်းရတနာကုန်သည် ၄၄၉၇ ဦး တက်ရောက်ရန် မှတ်ပုံတင် ထားပြီး ယနေ့ပြပွဲသို့ ပြည်တွင်းပြည်ပ ရတနာကုန်သည် အများအပြားတက်ရောက်ကြသည်။

သတင်း- မွှေးကြူဇင်
ဓာတ်ပုံ- အေးသန်း