နေပြည်တော်  ၁၄  မတ်  
    

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဌ ဦးထွန်းထွန်းဟိန်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr.Scot Marciel နှင့် နော်ဝေနိုင်ငံသံအမတ်ကြီး H.E.Mrs. Tone Tinnes တို့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌဌရုံးခန်း၌ သီးခြားစီလက်ခံတွေ့ဆုံသည်။    


အမေရိကန် သံအမတ်ကြီးနှင့်အဖွဲ့အား တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်း နှီးမှုနှင့် သံတမန်ဆက်ဆံရေးပိုမိုတိုးမြှင့် ဆောင်ရွက်သွားနိုင်ရေး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ် ထိန်းချုပ်ရေးနှင့် လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ 


နော်ဝေသံအမတ်ကြီးနှင့် အဖွဲ့အားတွေ့ဆုံစဉ် နော်ဝေနိုင်ငံအနေဖြင့် မြန်မာ နိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် အကူအညီပေးနေသည့် ကိစ္စ၊ လွှတ်တော်၌ဆောင်ရွက်လျက်ရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြကြောင်း သိရသည်။
 

(သတင်းစဉ်)