ရမည်းသင်း စက်တင်ဘာ ၁၆

မန္တလေးတိုင်း‌ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးအဆင့် ကြီးကြပ်စစ်ဆေးရေးအဖွဲ့သည် ရမည်းသင်းခရိုင် ဦးစီးမှူးရုံး၌ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များနှင့်အညီ စိုက်ပျိုးရေး သွင်းအားစုများ ရောင်းချရေး ဆွေးနွေးပွဲကို ယနေ့နံနက်တွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မန္တလေးတိုင်းဒေသကြီး မြေအသုံးချရေး တာဝန်ခံ၊ မျိုးစေ့တာဝန်ခံနှင့် သီးနှံကာကွယ်ရေး တာဝန်ခံတို့က မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေး ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များကို ရှင်းလင်း ဆွေးနွေးကြကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)