ဟုမ္မလင်း စက်တင်ဘာ ၁၆

 

ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ရေးဆွဲနည်းသင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်ယုမေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရာဌေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

 

အဆိုပါသင်တန်းသို့ ဟုမ္မလင်းမြို့နယ် ယက်ဖကျေးရွာ၊ မှန်ပင်ကျေးရွာနှင့် မိုင်းတောင်းကျေးရွာတို့မှ သင်တန်းသား သင်တန်းသူ ခြောက်ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက် အထိ လေးရက်သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)