ရန်ကုန် စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့နံနက်ပိုင်းက After Lunch tooth-brushing activity ကို မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းများ၌ ဆောင်ရွက်သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(သွားကျန်းမာ)ဒေါက်တာ ကွန်စတန် ဦးဆောင်၍ အနောက်ပိုင်းဆေးရုံကြီးမှ သွားနှင့်ခံတွင်း ဆရာဝန်သုံးဦး၊ သာကေတ သွားနှင့်ခံတွင်း အထူးကုဆေးရုံကြီးမှ သွားနှင့်ခံတွင်း ဆရာဝန်နှစ်ဦးနှင့် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးနှင့် ဝန်ထမ်းများ ပူးပေါင်း၍ အမှတ်(၆) အခြေခံပညာ မူလတန်းကျောင်းနှင့် အမှတ်(၁၈) အခြေခံပညာ မူလတန်းကျောင်းတို့တွင် နည်းစနစ်မှန် သွားတိုက်ခြင်း အမူအကျင့် စွဲမြဲပြီး သွားနှင့်ခံတွင်းရောဂါများ ကာကွယ်နိုင်စေရေး ရည်ရွယ်ချက်ဖြင့် After Lunch tooth-brushing activity ကို ဆောင်ရွက်ခြင်း ဖြစ်သည်။

ထို့ပြင် မူလတန်းကျောင်းသား ကျောင်းသူများအား ကျန်းမာရေး အသိပညာပေးခြင်း၊ KG ကျောင်းသား ကျောင်းသူများအား အုပ်စုဖွဲ့၍ စနစ်မှန် သွားတိုက်နည်း လက်တွေ့ သရုပ်ပြသင်ကြားခြင်း၊ ကျောင်းကျန်းမာရေး စစ်ဆေးခြင်းများလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။         

သက်မင်းဟန်(ပြန်/ဆက်)