ရန်ကုန် စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၌ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

ပြောကြား

အခမ်းအနားတွင် e-Goverment ဦးဆောင် ကော်မတီဥက္ကဋ္ဌ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးကျော်ကျော်အုန်း Chief Information Officer (CIO)မှ အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး နည်းပညာအကြံပေး ဦးဌေးလင်းက Infor-mation Security ခေါင်းစဉ်ဖြင့် ဌာနများ ကြုံတွေ့နိုင်သော ကျိုးပေါက်မှုများ၊ ကာကွယ်ရန် နည်းလမ်းများနှင့် မိမိတို့ဌာနများအတွက် ဆိုက်ဘာလုံခြုံရေး စီမံချက်ရေးဆွဲနည်းကို  မျှဝေ ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် တက်ရောက်လာသူများက အုပ်စုလိုက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်ကျော်(ပြန်/ဆက်)