ဂါဇာ    စက်တင်ဘာ    ၁၆

အစ္စရေးက  ဂါဇာမြို့ကို   စက်တင်ဘာ   ၁၆   ရက်   အစောပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဂါဇာမြို့ကို ထိန်းချုပ်ရန် မြေပြင်စစ်ဆင်ရေးများ တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာလိုက် သည်။

တိုင်းမ်အော့ဖ်  အစ္စရေးသတင်းစာတွင်   အစ္စရေးတပ်ဖွဲ့သည်  မကြာသေးမီရက်များအတွင်း   ဂါဇာမြို့တွင်း   မြို့ပြင်လေကြောင်းတိုက်ခိုက်မှုများကို  တဖြည်းဖြည်းတိုးချဲ့လုပ်ဆောင်ခဲ့ကြောင်း    ဖော်ပြထားသည်။

သို့သော် လူဦးရေထူထပ်သည့် မြောက်ပိုင်းသို့ တပ်ဖွဲ့ဝင်များ  ဖြန့်ကြက်ချထားခြင်းမရှိသေးကြောင်း    သိရသည်။ ထို့အတူ အစ္စရေးတင့်ကားများ ဝင်ရောက်လာခြင်းမရှိသေးကြောင်းလည်း မျက်မြင်သက်သေများက ပြောကြားထားသည်။

ဂါဇာကမ်းမြောင်ဒေသ၏ အကြီးဆုံးမြို့တွင် ဒေသခံ တစ်သန်းနီးပါးခန့်ရှိသည်ဟု ပြောသည်။ ၎င်းတို့အနက် ၃၅၀၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့  ပြောင်းရွှေ့ပြီးဖြစ်ကြောင်း သိရသည်။

မြေပြင် ထိုးစစ်ဆင်မှုများကို အရှိန်အဟုန်ဖြင့် ပြုလုပ်မည်ဆိုပါက   သေဆုံးမှုပိုမိုများပြားလာမည်ကို      စိုးရိမ်လျက်ရှိပြီး အခြေအနေများ ပိုမိုဆိုးရွားလာမည့်အပေါ်လည်း စိုးရိမ်မကင်းဖြစ်နေကြသည်။

ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ