နေပြည်တော် စက်တင်ဘာ ၁၆

၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများ ပြုလုပ်ပြီး ဆယ်ကျော်သက် လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ် ထုတ်ဝေလျက်ရှိပါသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာရာ ခေတ်မီအကြောင်းရပ်များနှင့် ယခုလအတွက် ဖော်ပြသည့် “ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် မြန်မာ့သနပ်ခါး လိမ်းခြယ်မှုဓလေ့ မျက်နှာဖုံး ဆောင်းပါးကြီးများ ပါဝင်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (စက်တင်ဘာလ) ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီဖြစ်သည်။

၂ဝ၂၅ ခုနှစ် စက်တင်ဘာလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်တွင် ဒေါက်တာခင်မောင်ညို၊ ကျော်နန္ဒအောင်၊ မောင်ခင်ညို(မန်းတက္ကသိုလ်)တို့၏ “ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် မြန်မာ့သနပ်ခါး လိမ်းခြယ်မှုဓလေ့ မျက်နှာဖုံးဆောင်းပါးများ၊ နေညိုယဉ်၊ ကောင်းသန့်၊ မောင်ဒီပ(ပညာရေး)၊ ညီမော်သိမ်း၊ ထက်ဝေအောင်(စစ်ကိုင်း)၊ မြသာဝင်း၊ ညီညီဖေ၊ ကိုဇော်ဌေး(ယဉ်ကျေးမှု)၊ ကိုကိုအောင်(အလုပ်သမား)တို့၏ လူငယ် ရေးရာဆောင်းပါးများ၊ စန်းနီလာဝင်း၊ ရှင်စောဖြူတို့၏ နိုင်ငံတကာဆိုင်ရာဆောင်းပါး များ၊ အေးထွန်းမင်း၊ မြသိန်း၊ စောနိုင်(အသုံးချ ဘောဂဗေဒ)၊ ဒေါက်တာသန်းထွဋ်တို့၏ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာ ဆောင်းပါးများ၊ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၏ စီးပွားရေးဆိုင်ရာ ဆောင်းပါး၊ ရန်ကုန်ဌေးဇော်၏ မူးယစ်ဆေးဝါး ဆိုင်ရာဆောင်းပါး၊ ရဲရင့်နဒီ၏ ကလေးအလုပ် သမားဆိုင်ရာဆောင်းပါး၊ နေ၏ လူကုန်ကူးမှု ဆိုင်ရာဆောင်းပါး၊ ဒေါက်တာမြင့်သန်း၊ ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာ ရေး)တို့၏ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ၊ ဦးဘသန်း(မဟာဝိဇ္ဇာ)၊ ပါမောက္ခ ဦးသိန်းလှိုင်၊ စိုးစိုး(ပန်းတောင်း)၊ ဆောင်းဝင်းလတ်၊ ရဲထက်ဇော်၊ ဒေါက်တာစန်းဦး၊ မော်(သန်လျင်) တို့၏ ကဗျာ၊ ဟာသ၊ ဖြစ်ရပ်မှန်နှင့် အထွေထွေ ကဏ္ဍများကို ရောင်စုံ၊ ဖြူ/မည်း သရုပ်ဖော်ပုံ ဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက်ထားသည်။

သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ကျပ် ၂၅ဝဝ နှုန်းဖြင့် စာပေ ဗိမာန်စာအုပ်အရောင်းဆိုင် အမှတ် (တ-၅၅) သပြေကုန်းစျေး နေပြည်တော်စာအုပ်ဆိုင် ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (၈၆)လမ်း (၂၁)လမ်းနှင့် (၂၂)လမ်းကြား မန္တလေး ဖုန်း ဝ၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈ တို့သို့ဆက်သွယ် မှာယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်