စက်တင်ဘာ ၁၇
အီရန်နိုင်ငံအနောက်တောင်ပိုင်း Khuzestan ပြည်နယ်တွင် လေးခန်းတွဲလူနေအဆောက်အအုံးတစ်လုံး၌ ယနေ့တွင် ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်အိုင်အာအိုင်ဘီသတင်းအေဂျင်စီက ဖော်ပြထားသည်။
အဆိုပါဖြစ်ရပ်သည် ထိုပြည်နယ် မြို့တော်အာဗတ်ဇ်တွင် ယနေ့အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းနေရာသို့ မီးသတ်သမားများနှင့်ကယ်ဆယ်ရေးသမားများ ချက်ချင်းသွားရောက်ခဲ့ကြောင်း မီးသတ်ဌာနအကြီးအကဲ၏ပြောကြားချက်ကို အိုင်အာအိုင်ဘီက ကိုးကားဖော်ပြထားသည်။
ပေါက်ကွဲမှုကြောင့် အဆောက်အအုံကို မြေပြင်အထိ လုံးဝ လောင်ကျွမ်းသွားခဲ့ကြောင်းနှင့် ပေါက်ကွဲမှုသည် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့်ဟု ယူဆရကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


