ပဲခူး စက်တင်ဘာ ၁၇
၂၀၂၅ ခုနှစ်ထွက် မိုးစပါး ဝယ်ယူ သိုလှောင်ကြိတ်ခွဲ ရောင်းချသည့် လုပ်ငန်းများ မှန်ကန် မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် ပဲခူးတိုင်းဒေသကြီး ဆန်စပါး လုပ်ငန်းကြီးကြပ်ရေး အဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ စားသုံးသူရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က မကြာမီ ကာလတွင် မိုးစပါးများ ထွက်ရှိလာတော့မည်ဖြစ်ကြောင်း၊ စပါး ဝယ်ယူ သိုလှောင်ကြိတ်ခွဲ ရောင်းချသည့် လုပ်ငန်းများ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး ဒေသတစ်ခုမှ တစ်ခုသို့ ဆန်စပါး သယ်ယူပို့ဆောင်ရာတွင် မလိုလားအပ်သော အဟန့်အတားများ၊ ကြန့်ကြာမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ပဲခူးတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့၏ စိစစ်မှုဖြင့် ထိန်းကျောင်း ဆောင်ရွက်ရန် ပြောကြားသည်။
တက်ရောက်
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင် အသင်းတို့မှ တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီး ဆန်စပါး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါး ကုန်သည် လုပ်ငန်းရှင်များ စုစုပေါင်း ၅၄ ဦး တက်ရောက်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


