ကူမင်း စက်တင်ဘာ ၁၇

 

(၁၁)ကြိမ်မြောက် အာဆီယံ+၃ မီဒီယာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ Yunnan Haigeng Convention Center ၌ ကျင်းပရာ အာဆီယံ + ၃ နိုင်ငံများမှ အစိုးရသတင်းထုတ်ပြန်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ သုတေသန ပညာရှင်များနှင့် ပုဂ္ဂလိကမီဒီယာများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

ဖိုရမ်တွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်က Increase Inter-connectivity for Common Development and Shared Benefits ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုက Foster New Growth Drivers and Share New Development Opportunities ခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝင်ဆွေးနွေးပြီး မီဒီယာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဒေသတွင်း သတင်းအချက်အလက်မှန်များ မြန်ဆန်စွာ စီးဆင်းရေးနှင့် သတင်းတု၊ သတင်းမှားများ တိုက်ဖျက်ကာကွယ်ရေး ကိစ္စများ ဆွေးနွေးခဲ့ကြသည်။

MK