ဒါကာ စက်တင်ဘာ ၁၇
ကမ္ဘာ့ဘဏ်၏ စက်တင်ဘာ ၁၆ ရက်က ထုတ်ပြန်လိုက်သည့်အစီရင် ခံစာအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အပူချိန်မြင့်မားလာမှုကြောင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်ရပြီး ထုတ်လုပ်မှုစွမ်းရည်ကျဆင်းကာ စီးပွားရေးအရ ဆုံးရှုံးမှုများဖြစ်ပေါ်နေကြောင်း ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးနှင့် ကျန်းမာရေးအပေါ် အပူဒဏ်၏ သက်ရောက်မှုခေါင်းစဉ် အမည်ရှိ အစီရင်ခံစာသည် ၁၉၇၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အပူချိန်နှင့် စိုထိုင်းဆအချက်အလက်များကို လေ့လာဆန်းစစ်ခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း လူဦးရေ ၁၆၀၀၀ ကျော်ပါဝင်သည့် အိမ်ထောင်စု စစ်တမ်းအပေါ် အခြေခံထားသည်။
၁၉၈၀ ပြည့်နှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အမြင့်ဆုံးအပူချိန်သည် ၁ ဒသမ ၁ ဒီဂရီဆဲလ် စီးယပ်ရှိခဲ့ပြီး အမှန်တကယ်သိသိသာသာခံစားရသော ပြင်ပအပူချိန်မှာ ၄ ဒသမ ၅ ဒီဂရီဆဲလ် စီးယပ်အထိ မြင့်တက်လာသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းအခြေအနေကြောင့် ဝမ်းလျှောရောဂါ၊ နာတာရှည်ချောင်းဆိုးခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် မောပန်းနွမ်းနယ်မှုကဲ့သို့ ကျန်းမာရေးပြဿနာများ တိုးလာခဲ့သည်။
ထို့ပြင် အပူလှိုင်းများကြောင့် စိတ်ကျရောဂါနှင့် စိုးရိမ်ပူပန်မှုအပါအဝင် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများလည်း ဖြစ်စေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဆင်ဟွာ


