အန်ကာရာ  စက်တင်ဘာ  ၁၈

တူကီယဲနိုင်ငံ  ရဲတပ်ဖွဲ့သည် လွန်ခဲ့သည့်သီတင်းပတ် နှစ်ပတ်ကျော်အတွင်း စစ်ဆင်ရေးလုပ်ငန်းများပြုလုပ်ရာ အိုင်အက်စ်နှင့် ဆက်နွှယ်သည့် သံသယရှိသူ ၅၁ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း နိုင်ငံ၏ ပြည်ထဲရေးဝန်ကြီး အလီယာလီကာရာက စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားသည်။

အိုင်အက်စ်အဖွဲ့ဝင်များဟု သံသယရှိသူများသည် အဖွဲ့နှင့်ဆက်နွှယ်သည့် အကူအညီပေးရေးအဖွဲ့များကို ငွေကြေးအကူအညီပေးခြင်းနှင့် လူမှုကွန်ရက်မီဒီယာပလက်ဖောင်းမှတစ်ဆင့်   အကြမ်းဖက်ဝါဒဖြန့်ခြင်းများ  လုပ်ဆောင်ခဲ့ကြောင်း၊ယင်းစစ်ဆင်ရေးကို   ပြည်နယ်  ၃၄  တွင် ပြုလုပ်ခဲ့ကြောင်း၊  ဖမ်းဆီးမှုအတွင်း အဖွဲ့အစည်းဆိုင်ရာစာရွက် စာတမ်းများနှင့် ဒစ်ဂျစ်တယ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း  ၎င်းက လူမှုကွန်ရက် X တွင် ပြောကြားသည်။

မိမိတို့နိုင်ငံ၏ ဒေသတိုင်းတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် တစ်နှစ်လျှင် ၃၆၅ ရက် နေ့ရော ညပါစစ်ဆင်ရေးလုပ်ငန်းများကို ပြုလုပ်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။           

ဆင်ဟွာ