ရန်ကုန် စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင် ယနေ့ မွန်းလွဲ ၁ နာရီက စိတ်အာဟာရစာကြည့်တိုက် ဒုတိယထပ်ရှိ စာပွဲတင်တင်းနစ်ကွင်းဖွင့်ပွဲ ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက အမှာစကားပြောကြားပြီး စိတ်အာဟာရစာကြည့်တိုက် ဥက္ကဋ္ဌ ဒေါ်အေးအေးစိုးက ကျေးဇူးတင်စကား ပြောကြားသည်။ စိတ်အာဟာရ စာကြည့်တိုက် အတွင်းရေးမှူး ဦးစည်သူအောင်က စားပွဲတင်တင်းနစ်ကွင်းဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားသည်။
စားပွဲတင်တင်းနစ် ကွင်းသစ်ဖွင့်ပွဲသို့ သင်္ဃန်းကျွန်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်း၊ စာကြည့်တိုက်ဥက္ကဋ္ဌ ဒေါ်အေးအေးစိုး၊ ဆ/က ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ စာကြည့်တိုက်အတွင်းရေးမှူး ဦးစည်သူအောင်၊ အလှူရှင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)


