ဖြူး စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ခုတင် (၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ သည် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းမှစတင်ကာ ကညွတ်ကွင်း တိုက်နယ်ဆေးရုံ၌ အခြေပြု၍ ဒေသခံပြည်သူများအား နယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးသည်။
ထိုသို့ကုသပေးရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ကျော်မိုး ဦးဆောင်၍ အထွေထွေရောဂါကုသမားတော်၊ ကလေးအထူးကု၊ ခွဲစိတ်ရောဂါ အထူးကု၊ သားဖွားမီးယပ်အထူးကု၊ အရိုးအကြောအထူးကု၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီးများ က စုစုပေါင်းဆေးကုသမှု ခံယူသူ ၃၈၂ ဦးခန့်အား ကုသပေးခဲ့ကြောင်းနှင့် အဆိုပါ ကျန်းမာရေး စောင့်ရှောက် ကုသပေးနေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


