ရန်ကုန် စက်တင်ဘာ ၂၁

 

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ် (၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံး၌ ကျင်းပရာ ကျောက်တံတားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်က သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်ဇော်က ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ AML/ CFT သင်တန်း အကြောင်း သိကောင်းစရာများကို ဆွေးနွေးဟောပြောပို့ချရာ သင်တန်းသားများက သိရှိလိုသည်များကို မေးမြန်းကြသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်များနှင့် သင်တန်းဆရာများက သင်တန်းသား သင်တန်းသူ ၁၀၀ ကျော်တို့အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

မျိုးမင်းသူရ