ပရီမီယာလိဂ်ပွဲစဉ်  ၅  အဖြစ် စက်တင်ဘာ   ၂၁   ရက်    နံနက် ၁ နာရီခွဲက    ယှဉ်ပြိုင်ကစားခဲ့သည့် ဖူလ်ဟမ်နှင့်   ဘရန့်ဖို့ဒ် အသင်းပွဲစဉ်တွင် ဖူလ်ဟမ်အသင်းက   အကြိတ်အနယ်ကစားကာ သုံးဂိုး - တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။

နိုင်ပွဲပြန်လည်ရှာတွေ့ရန် ခြေကုန်ထုတ်လာသည့်  ဘရန့်ဖို့ဒ်အသင်းသည်  ဖူလ်ဟမ်အသင်းကို ခြေရည်တူကစားနိုင်ခြင်း မရှိသည့်အပြင် ဂိုးရရှိရန် နီးစပ်သည့်အခွင့်အရေးများကိုလည်း    သွင်းဂိုး အဖြစ် ပြောင်းလဲနိုင်စွမ်းမရှိသည့်အတွက် ရလဒ်ဆိုးရွားမှုနှင့်ထပ်မံကြုံတွေ့ခဲ့ရသည်။ ဖူလ်ဟမ်အသင်းက ဂိုးရရှိရန်နီးစပ်သည့် အခွင့်အရေးများကို သွင်းဂိုးများအဖြစ် ပြောင်းလဲကာ ဂိုးပြတ်နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့သည်။

ဖူလ်ဟမ်အသင်းသည် ယခုအနိုင်ပွဲကြောင့် ပရီမီယာလိဂ် ငါးပွဲကစားပြီး နှစ်ပွဲနိုင် နှစ်ပွဲသရေနှင့် တစ်ပွဲရှုံးရလဒ်ရရှိထားသည်။ ပြိုင်ဘက် ဘရန့်ဖို့ဒ်အသင်းက ယခုပွဲစဉ်ရှုံးနိမ့်ခဲ့သည့်အတွက် ငါးပွဲကစားပြီး ရှုံးပွဲသုံးပွဲရှိလာပြီဖြစ်သည်။ အခြားပွဲစဉ်ရလဒ်များတွင် လီဗာပူးက အဲဗာတန်ကို နှစ်ဂိုးတစ်ဂိုး၊ ခရစ္စတယ်ပဲလေ့စ်က ဝက်စ်ဟမ်းကို   နှစ်ဂိုး  တစ်ဂိုး၊  လိဒ်စ် က ဝုဖ်ကို သုံးဂိုး တစ်ဂိုး၊ မန်ယူက ချယ်ဆီးကို နှစ်ဂိုး တစ်ဂိုးဖြင့် အသီးသီးနိုင်ပွဲရရှိခဲ့ပြီး ဘရိုက်တန်နှင့်   စပါးအသင်းပွဲစဉ်တွင် တစ်ဖက် နှစ်ဂိုး သရေကျခဲ့သလို   ဘန်လေနှင့်   နော်တင်ဟမ် ဖောရက်စ်အသင်းပွဲစဉ်တွင်လည်း  တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။         

အောင်ဇော်