စက်တင်ဘာ ၂၂

ဂျပန်နိုင်ငံ အီရှီကာဝါခရိုင် နိုတိုဒေသတွင် မိုးသည်းထန်စွာရွာသွန်းနောက် ယမန်နေ့က တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ နှစ်သစ်ကူးနေ့မှာပင် ငလျင်လှုပ်ခတ်မှုကြီးနှင့်လည်းကြုံတွေ့ခဲ့ရသဖြင့် ထိုသဘာဝဘေးအန္တရာယ်နှစ်ခုမှလွတ်မြောက်ကာ အသက်ရှင်ကျန်ရစ်သူများအနေဖြင့် ဆက်လက်ရုန်းကန် လှုပ်ရှားနေရကြောင်း ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၁ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်များရေလျှံကာ ရွှံ့မြေများ ပြိုကျမှုဖြစ်ပွားခဲ့သည်။

အဆိုပါရွှံ့မြေပြိုမှုကြောင့်သေဆုံးသူ သုံးဦးအပါအဝင် သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးသူ ၁၉ ဦး ရှိသည်ဟု ခရိုင်တာဝန်ရှိသူများက ပြောသည်။

အိမ်ခြေ ၁၉၀၀ ခန့် ပျက်စီး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည်ဟု ၎င်းတို့ကဆိုသည်။

ငလျင်လှုပ်ခတ်ပြီးနောက် ကိုးလမပြည့်မီအချိန်မှာပင် မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သောနှစ်က ထိခိုက်မှုပြင်းထန်ခဲ့သောအိုကူနိုတိုဒေသရှိ ခန့်မှန်းလူဦးရေ ၃၀၀၀ ကျော် သို့မဟုတ် ခြောက်ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်းနှင့် ဆူဇူမြို့၏လူဦးရေသည် ဩဂုတ်လတွင် ပထမဆုံးအကြိမ်အဖြစ် ၁၀၀၀၀ အောက် ကျဆင်းသွားကြောင်း ဖော်ပြထားသည်။

ဒေသဆိုင်ရာအစိုးရအဖွဲ့များသည် ဗဟိုနှင့် ခရိုင်အစိုးရအဖွဲ့များ၏ ပံ့ပိုးကူညီမှုဖြင့် ၎င်းတို့၏ ရပ်ရွာများကို ပြန်လည်တည်ဆောက်နေကြသော်လည်း သက်ကြီးပိုင်းလူဦးရေနှင့်လုပ်သားရှားပါးမှုက ကြိုးပမ်း လုပ်ဆောင်မှုများကို အဟန့်အတားဖြစ်စေသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို