လွိုင်ကော် စက်တင်ဘာ ၂၂

 

ကယားပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးစီမံကိန်းဖြင့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန်းက ပြည်နယ် အစိုးရရန်ပုံငွေဖြင့် အမျိုးသမီးများ ဝင်ငွေတိုးတက်ရေးအတွက် အဓိကဦးစားပေး အသက်မွေးသင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး လုပ်ငန်းတည်ထောင်နိုင်ရေးအတွက်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

 

အဆိုပါ သင်တန်းတွင် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ(အမရပူရ)မှ ကျွမ်းကျင်နည်းပြ များက ပုံစံ ၁၄ မျိုးဖြင့် သင်တန်းသား သင်တန်းသူ ၁၅ ဦးအား သင်တန်းကာလ ၄၅ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)