ရန်ကုန် စက်တင်ဘာ ၂၂

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်အတွင်းရှိ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့်​ ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို စက်တင်ဘာ ၂၁ ရက် နံနက် ၉ နာရီက အဆိုပါ မြို့နယ်အမှတ်( ၁) အခြေခံပညာ အထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပသည်။

 

ဦးစွာ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က အမှာစကားပြောကြားကာ ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်စုစုခင်က ဆုချီးမြှင့်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။ 

 

ထို့နောက် ၂၀၂၅ ခုနှစ် ရန်ကင်းမြို့နယ်အတွင်းမှ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ခြောက်ဘာသာဂုဏ်ထူးရှင် လေးဦး၊ ငါးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် ကိုးဦး၊ သုံးဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၃ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၂၀၊ အောင်ချက်အကောင်းဆုံးရရှိခဲ့သည့် အထက(၂)နှင့် ဂုဏ်ထူးသစ် ကိုယ်ပိုင်အထက်တန်းကျောင်း၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့ကြသည့် ဆရာ ဆရာမများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)