ရန်ကုန် စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူများကို DT ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ပေးသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသီသီလတ်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းအတွင်းရှိ အသက် ငါးနှစ်မှ ခုနစ်နှစ်အတွင်း KG ကျောင်းသား ကျောင်းသူ ၂၉၉ ဦးအား DT ကာကွယ်ဆေး ထိုးနှံပေးခြင်းကို လည်းကောင်း၊ အသက် ကိုးနှစ်မှ ၁၀ နှစ်အတွင်း ကျောင်းသူ ၁၆၉ ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခဲ့ကြပြီး သားအိမ်ခေါင်း ကင်ဆာရောဂါနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ရဲလေး(ပြန်/ဆက်)


