ကျောင်းကုန်း စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့ အမှတ်(၄)ရပ်ကွက် မင်းလမ်းရှိ “နှလုံးအိမ်” ပုဂ္ဂလိက အထူးကုဆေးရုံအား ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုဦးနှင့်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် မီးဘေးလုံခြုံရေး စစ်ဆေးခဲ့ကြသည်။
အဆိုပါအဖွဲ့တွင် ဧရာဝတီတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုဦး ဦးဆောင်၍ ပုသိမ်ခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်သူရနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်းတို့က “နှလုံးအိမ်” ပုဂ္ဂလိကအထူးကုဆေးရုံ၌ မီးဘေးလုံခြုံရေးဆိုင်ရာ ပစ္စည်းများ တပ်ဆင်ထားရှိမှုနှင့် မီးသတ်ဆေးဘူးထားရှိမှုတို့ကို လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


