လွိုင်ကော် စက်တင်ဘာ ၂၂

ကယားပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကယားပြည်နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့နယ်ခန်းမ၌ ကျင်းပသည်။

အမှာစကားပြောကြား

ဦးစွာ ကယားပြည်နယ် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြည်နယ် အစိုးရအဖွဲ့  ညွှန်ကြားရေးမှူး ဦးမင်းစိုးက အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူးက အဂတိလိုက်စားမှု လျော့နည်းပပျောက်ရေး မှုခင်းဖြစ်စဉ်များနှင့် ဆက်စပ်၍ အသိပညာပေး ဆွေးနွေးခြင်း၊ အဖွဲ့ဝင် ပြည်နယ် ဥပဒေအရာရှိက အဂတိလိုက်စားမှု လျော့နည်းပပျောက်ရေးအတွက် ဥပဒေရေးရာ အသိပညာပေး  ဆွေးနွေးခြင်းနှင့် အဖွဲ့ဝင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ  ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက ကုမ္ပဏီများ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ် ရေးဆွဲလိုက်နာရေးနှင့် စပ်လျဉ်း၍ အသိပေး ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)