မန္တလေး ၁၅ မတ်
ဈေးချိုနာရီစင် အနီးတွင်တည်ရှိပြီး အထပ်ပေါင်း ၁၂ ထပ်ရှိသည့် အဆာဟိကွန်ဒို တိုက်ခန်း အရောင်းပြပွဲကို ယနေ့ မန္တလေးမြို့ရှိ ဟိုတယ်မာဘယ်လ်တွင် ကျင်းပခဲ့သည်။ အဆာဟိကွန်ဒို တိုက်ခန်း အရောင်းပြပွဲကို ယခုလ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။
"အဆာဟိကွန်ဒိုဟာ မန္တလေးမြို့ရဲ့ မြို့လယ်ကောင်မှာ တည်ရှိပြီး ဈေးအသင့်တင့်ဆုံးနဲ့ အကောင်းဆုံး ကွန်ဒိုဖြစ်ပါတယ်။ ဝန်ဆောင်မှု အပြည့်အစုံ ပါဝင်တဲ့အပြင် ကားပါကင်၊ ဆိုင်ကယ် ပါကင်တွေလည်း လုံလောက်စွာ ပါဝင်တဲ့အတွက် ဝယ်ယူသင့်တဲ့ ကွန်ဒိုတစ်ခု ဖြစ်ပါတယ်'' ဟု အဆာဟိကွန်ဒို တိုက်ခန်း အရောင်းပြပွဲ စီစဉ်သူ iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူ က ပြောသည်။
အဆာဟိကွန်ဒို တိုက်ခန်းများကို မြေတစ်ဧက ကျယ်ဝန်းသည့် ဂရန်မြေပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ကျပ်သိန်း ၁၀ဝ၀ ဝန်းကျင်မှ စတင်ဝယ်ယူနိုင်ကြောင်း သိရသည်။
အဆိုပါကွန်ဒိုတွင် ရေကူးကန်၊ အားကစားခန်းမ၊ ကားပါကင်၊ ဓာတ်လှေကား၊ Rooftop Garden၊ Barbecue Terrace များလည်း ပါဝင်ကြောင်း သိရသည်။
အိမို့မို့ခိုင်


