ပူတာအို စက်တင်ဘာ ၂၂
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်သည် ပြည်နယ်သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ပြည်နယ်ရွေးကောက်ပွဲ အရာရှိ ဦးမျိုးမင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပူတာအိုမြို့နယ် မူလာအွန် ကျေးရွာ ချမ်းသာဘက်စုံသုံး ခန်းမဆောင်၌ ဇီအွန်ကျေးရွာနှင့် မူလာအွန်ကျေးရွာမှ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံပြီး မြန်မာ အီလက်ထရောနစ် မဲပေးစက် ဆိုင်ရာ အချက်အလက်များ၊ မဲပေးစက်အသုံးပြု၍ မဲပေးပုံမဲပေးနည်းနှင့် အားသာချက်၊ အားနည်းချက်များကို အသိပညာပေးဆွေးနွေးပြီး မဲဆန္ဒရှင်ပြည်သူများ လက်တွေ့ သရုပ်ပြမဲပေးနေမှုကို ကြည့်ရှု အားပေးသည်။
ညနေပိုင်းတွင် ပူတာအိုမြို့ ဂန်လန်ရာဇီဧည့်ရိပ်သာ၌ ၂၀၂၅ ခုနှစ် ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ ထိန်းသိမ်းထားရှိမှု၊ ပူတာအိုမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း (ပူတာအို) အောင်ဆန်းခန်းမ၌ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ် မဲပေးမည့် အသက် ၁၈ နှစ် ပြည့် ကျောင်းသား ကျောင်းသူများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောနေမှုနှင့် ကျောင်းသား ကျောင်းသူများ လက်တွေ့စမ်းသပ် မဲပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


