အိမ်မဲ   ၁၅   မတ် 


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့ ပြည်သူ့ဝန်ဆောင်မှုရုံးတွင် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်း၍ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါအကြောင်း ဟောပြောခြင်းကို မတ်လ ၁၅ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါဟောပြောပွဲတွင် ဆီးချို၊ သွေးချိုရောဂါ၏ နောက်ဆက်တွဲ ဆင့်ပွားရောဂါများဖြစ်သော ကျောက်ကပ်ပျက်စီးသော ရောဂါ၊ မျက်စိအမြင်လွှာ ထိခိုက်၍ မျက်စိကွယ်သောရောဂါ၊ အာရုံကြောထိခိုက်ရောဂါ၊ ဦးနှောက်သွေးကြော ပိတ်၍လေဖြတ်သောရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ရောဂါပိုးဝင်လွယ်၍ အနာကျက်ရန်ခက်ခဲခြင်း၊ ခြေထောက်ပုပ်ခြင်း၊ ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဆင့်ပွားရောဂါများကြောင့် မိခင်နှင့်ကလေး၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်တို့ကို ထိခိုက်နိုင်ခြင်းနှင့် ဆီးချို၊ သွေးချိုရောဂါရှိပါက လိုက်နာရန် အချက်များ သွေးတိုးရော ဂါကုသရာတွင် ကြုံတွေ့ရသော အခက်အခဲများ ကာကွယ်နိုင်မည့် နည်းလမ်းများကို အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်တင်တင်ဝင်းက ဟောပြောပေးခဲ့ကြောင်း သိရသည်။


ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)