ဒိုက်ဦး စက်တင်ဘာ ၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒိုက်ဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးရိက္ခာဖူလုံစေရန်နှင့် ငါးသယံဇာတများ တိုးပွားလာစေရန် ရည်ရွယ်၍ သဘာဝရေပြင်အတွင်းသို့ စက်တင်ဘာ ၂၂ ရက်က ငါးမျိုးစိုက်ထည့်ဆောင်ရွက်သည်။
အဆိုပါ အခမ်းအနားသို့ ညောင်လေးပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်တာဝန်ခံ ဦးထိန်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ငါးမျိုးစိုက် ကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးသက်နောင်ဦးနှင့် အဖွဲ့ဝင် များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးထွန်း နှင့်ဝန်ထမ်းများ၊ မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အင်းသားကြီး များ၊ ရေလုပ်သားများက သဘာဝရေပြင်အတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်းကောင်ရေ ၁၀၀၀၀၀နှင့် ငါးခုံးမကြီးကောင်ရေ ၅၀၀၀၀ စုစုပေါင်းကောင်ရေ ၁၅၀၀၀၀တို့ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)


