ညောင်ဦး စက်တင်ဘာ ၂၃

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနက ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အစီအစဉ်ကို ညောင်ဦးမြို့ အခြေခံပညာ အထက်တန်းကျောင်း (မြို့မ)၌ စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက ပြုလုပ်သည်။

 

ရှင်းလင်းပြောကြား

အခမ်းအနားတွင် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အမှာစကားပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းသိမ်းထွန်းက သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အစီအစဉ် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ 

 

ထို့နောက် အခမ်းအနားတက်ရောက်လာသူများက အသိပညာပေးအစီအစဉ်များနှင့် လက်တွေ့ ရှင်းလင်းပြသမှုများကို ကြည့်ရှုအားပေးကြပြီး ကျောင်းသား ကျောင်းသူများ လက်တွေ့ပါဝင် သရုပ်ပြမှုများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)