မော်လမြိုင်ကျွန်း စက်တင်ဘာ ၂၃

 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို တောရ အလကနှင့် အောင်သုခ အလက တို့၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

 

ကြည့်ရှုအားပေး

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစန်းဝင်းနှင့်ဝန်ထမ်းများ၊ အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူး ဦးမင်းမင်းထွန်းနှင့် ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက တောရ အလကနှင့် အောင်သုခ အလက တို့မှ KG ကျောင်းသား ကျောင်းသူလေးများအား ထမင်း၊ ကြက်သားဟင်း၊ ပဲဟင်း၊ ကန်စွန်းရွက်၊ မြေပဲများ စားသုံးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)