ညောင်ဦး    စက်တင်ဘာ    ၂၃

မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ်  စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၂၂ ရက် ညနေပိုင်းက ညောင်ဦးခရိုင်  ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညို၊ ကော်မတီအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးသော်ထိုက်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး အေးမင်းစိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ   ဦးဝင်းလှိုင်တင့်တို့က   အလွတ်တန်း ဘောလုံးပြိုင်ပွဲကို    ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ  ပြိုင်ပွဲဝင်ဘောလုံးအားကစားသမားများအား   လိုက်လံနှုတ်ဆက်သည်။   

ထို့နောက် ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားကာ    အလွတ်တန်းဘောလုံးပြိုင်ပွဲ  ကျင်းပခဲ့ကြောင်း သိရသည်။                                                

ဒီပါလင်း