မကွေး စက်တင်ဘာ ၂၃

 

မကွေးမြို့၌ အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့်(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးတိုးချဲ့ ငါးထပ်လူနာကုသဆောင်၌ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်စိုးဝင်းဦးဆောင်သော တပ်ဖွဲ့ဝင်/စာရေးဝန်ထမ်းစုစုပေါင်း ၈၅ ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

 

အဆိုပါသွေးလှူဒါန်းခြင်းဆောင်ရွက်နေမှုများကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများ၊ စစ်ဘက်/နယ်ဘက်မှ ဖိတ်ကြားထားသူများက ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများက အာဟာရဖြည့် စားသောက်ဖွယ်ရာများ၊ ကြက်ဥ၊ Royal D အအေးဘူးနှင့် သွေးအားတိုးဆေးများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)