ဂျကာတာ   စက်တင်ဘာ    ၂၃

အင်ဒိုနီးရှားနိုင်ငံသည်  နျူကလီးယားစွမ်းအင်ဖွံ့ဖြိုးရေး ဆောင်ရွက်မည်ဖြစ်ကာ အဆိုပါကဏ္ဍတွင် ဒေသခံများအား အလုပ်အကိုင်များပေးမည်ဖြစ်ကြောင်း သိရသည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရေးအတွက် နျူကလီးယားဓာတ်အားပေးစက်ရုံများတည်ထောင်ရာတွင် ဒေသခံများအား အလုပ်အကိုင်ပေးမည်ဟု သိရသည်။

နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံများတည်ထောင်ရေးလုပ်ငန်းများတွင် အလုပ်အကိုင် ၆၈၀၀ ကိုပေးမည်ဖြစ်ကြောင်း အင်ဒိုနီးရှားစွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဝန်ကြီး ယူလက်တန်ဂျန်က ပြောကြားသည်။ အစိုးရအနေဖြင့် စက်မှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်ချက်ရှိသဖြင့် လိုအပ်သည့်လုပ်သား များအား တာဝန်ပေးခန့်ထားမည်ဖြစ်ကာ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများကိုလည်း ဖွင့်လှစ်မည်ဟု ၎င်းက ပြောကြားသည်။

နိုင်ငံအတွင်းရှိ ဆိုလာလျှပ်စစ်ထုတ်လွှတ်ရေးလုပ်ငန်း၊ ဘက်ထရီထုတ်လုပ်ရေးနှင့်  ရေအားလျှပ်စစ်လုပ်ငန်းများတွင်လည်း  လုပ်သားများအတွက်  အလုပ်အကိုင်များပေးမည်ဖြစ်ကြောင်း သိရသည်။          

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ