မင်းတုန်း စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့ အမှတ်(၄)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီခွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက KG ကျောင်းသား ကျောင်းသူ ၂၄ ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ကျွေးမွေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းလင်းအောင်နှင့် ဝန်ထမ်းများက ကြည့်ရှုအားပေးပြီး ခန္ဓာကိုယ်နှင့် ဦးနှောက်ဖွံ့ဖြိုးမှုတည်ဆောက်သည့် အရွယ်အတွက် လိုအပ်သော အာဟာရဓာတ်များ မျှတစွာ ပါဝင်အောင်ချက်ပြုတ် ကျွေးမွေးခဲ့ကြောင်း သိရသည်။
ချင်းကလေး(NRDC)


