စက်တင်ဘာ ၂၄
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ရှ် ပြည်နယ်တွင် ပိုလီယိုရောဂါဖြစ်ပွားသူတစ်ဦး ထပ်မံတွေ့ရှိကြောင်း အတည်ပြုခဲ့ရာ နိုင်ငံတစ်ဝန်းတွင် ယခုနှစ်အတွင်း ယင်းရောဂါဖြစ်ပွားသူ ၂၇ ဦးအထိ မြင့်တက်လာကြောင်း အမျိုးသားကျန်းမာရေးအင်စတီကျု (အင်န်အိုင်အိတ်ချ်) က စက်တင်ဘာ ၂၂ ရက်နေ့က ပြောကြားခဲ့သည်။
အင်န်အိုင်အိတ်ချ်၏ပြောကြားချက်အရ ဟိုင်ဒရာဘတ်ခရိုင်တွင်ရောဂါဖြစ်ပွားမှုနောက်ဆုံးတွေ့ရှိခဲ့ရာ ယခုနှစ်အတွင်း ဆင်းဒ်ရှ်ပြည်နယ်တွင် ပိုလီယိုရောဂါဖြစ်ပွားသူ ခုနစ်ဦး ရှိလာသည်ဟု သိရသည်။
အဆိုပါရောဂါဖြစ်ပွားသူများအနက် ၁၈ ဦးသည် နိုင်ငံ၏အနောက်မြောက်ပိုင်း ခိုင်ဘာပတ်ထွန်ခ်ဟွာမှဖြစ်ပြီး အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်နှင့် မြောက်ပိုင်း ဂီလ်ဂစ်-ဘာလ်တစ်တန်ဒေသတွင် တစ်ဦးစီ ဖြစ်ကြောင်း ဖော်ပြထားသည်။
ပါကစ္စတန်နိုင်ငံသည် အာဖဂန်နစ္စတန်နှင့်အတူ ကမ္ဘာပေါ်တွင် ပိုလီယိုရောဂါဖြစ်ပွားနေဆဲဖြစ်သည့် နောက်ဆုံးနှစ်နိုင်ငံအဖြစ် ကျန်ရှိနေသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


