ကိုလံဘို စက်တင်ဘာ ၂၃
သီရိလင်္ကာအစိုးရသည် လာမည့် နှစ်နှစ်အတွင်း ရူပီး ၄၅ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့်) ကို နှောင့်နှေးကြန့်ကြာနေသော ဆေးရုံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ခွဲဝေချထားပေးမည်ဟု ကျန်းမာရေးနှင့် အများပြည်သူမီဒီယာဝန်ကြီး နာလင်ဒါဂျာယာတစ်ဆာက ပြောကြားလိုက်သည်။
ထို့အပြင် လာမည့်နှစ်လအတွင်း ကျန်းမာရေးဝန်ထမ်း ၁၉၀၀ ခန့် ခေါ်ယူပေးသွားမည်ဖြစ်ကြောင်းနှင့် နောက်ရှစ်လအတွင်း နောက်ထပ် သူနာပြု ၁၀၀၀ နီးပါး ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း နိုင်ငံအရှေ့ပိုင်းပြည်နယ်တစ်ခုရှိ လူထုတွေ့ဆုံပွဲတွင် ၎င်းက ပြောသည်။
အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှုပေးသော ကျန်းမာရေးဝန်ထမ်းများကို မော်တော်ဆိုင်ကယ်များ ထောက်ပံ့ပေးသွားမည့်အစီအစဉ်ကိုလည်း ၂၀၂၆ ခုနှစ် ဧပြီတွင် စတင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။
ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာနအတွက် ၂၀၂၆ ဘတ်ဂျက်တွင် ရူပီး ၅၅၀ ဘီလီယံ ခွဲဝေချထားပေးရန် စီစဉ်ထားသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ဆင်ဟွာ


