သရက် စက်တင်ဘာ ၂၄

 

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက လျှပ်စစ်အန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို စက်တင်ဘာ ၂၂ ရက်က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်သည်။

 

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက လျှပ်စစ်အန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရန် ဓာတ်အားလိုင်းကြိုးများ ပြတ်ကျခြင်း၊ လျော့ကျနေခြင်း၊ ဓာတ်အား လိုင်းကြိုးများပေါ်သို့ သစ်ပင်သစ်ကိုင်းများ ကျိုးကျနေခြင်း၊ ဆားဗစ်ကြိုးများ လျော့ကျနေခြင်း၊ ပြတ်ကျခြင်းများဖြစ်ပေါ်လာပါက ကိုင်တွယ်ခြင်းမပြုရန်၊ လျှပ်စစ်ရုံးသို့ အကြောင်းကြားပေးရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရာတွင် အိမ်သုံးလျှပ်စစ် ပစ္စည်းများအား ရေစိုလက်၊ ရေစိုနေသောခန္ဓာကိုယ်၊ ရေစိုအဝတ် အစားဝတ်လျက် ကိုင်တွယ်ခြင်း မပြုရန်တို့ပါရှိသော လက်ကမ်းစာစောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)