ပန်းတနော် စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် မီးသတ်ဦးစီးဌာနက ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်း ကျုံဒုံးကလေးကျေးရွာရှိ ရှိုင်းလင်းအောင်ဆန်စက်အား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်သောအဖွဲ့ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး၊ လျှပ်စစ်မီးသွယ်တန်းသုံးစွဲမှု အခြေအနေများ စစ်ဆေးခြင်း၊ ဆောင်ရန်/ရှောင်ရန်အချက်များနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးဟိန်းထက်


